သင်္ဃန်းကျွန်း ဩဂုတ် ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၇)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းအောင်