သထုံမြို့နယ်၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

သထုံ      ဩဂုတ်      ၁၅

မွန်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် သထုံမြို့နယ်အတွင်း အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုမရှိရေး ပညာပေးလှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအရှေ့၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများ ‌ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပညာပေးလှုပ်ရှားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်ညိမ်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ် သွားလာလှုပ်ရှားနေကြသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၏ ဆိုးကျိုးများ၊ အမှိုက်စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြို့သန့်ရှင်းသာယာလှပကာ ကျန်းမာကြံ့ခိုင်သည့် ပတ်ဝန်းကျင်ဖြစ်စေ‌ရန် ပူးပေါင်းကူညီဆောင်ရွက်ရေးတို့ကို အသိပညာပေးပြီး လက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်