မက်မန်း ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် “မက်မန်းမြို့နယ်အတွင်း ပန်းခင်းစီမံချက် အဆင့်-၃ပါ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို လျာထားချက်စာရင်းအတိုင်း သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆောင်ရွက်ပေးရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအား ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ အတည်ပြုချက်ရရှိရေး အမြန်ဆုံးဆောင်ရွက်ရန်၊ ၂၀၂၁-၂၀၂၂ မှစ၍ ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် စာသင်ကျောင်းများတွင် ပျက်စီးနေသော ကျောင်းဆောင်များကို အမြန်ဆုံးပြုပြင်မွမ်းမံနိုင်ရေး သက်ဆိုင်ရာတင်ဒါအောင် ကုမ္ပဏီများအား အကြောင်းကြားရန်နှင့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြည်သူလူထုများ သိရှိကျွမ်းဝင်လာအောင် ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်းသည့်အခါတွင်ဖြစ်စေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်” စသည့်အကြာင်းအရာများကို ဦးဆောင်ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် အခက်အခဲများ၊ အားသာချက်များ၊ အားနည်းချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)