တံတားဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်လူထုအခြေပြုဗဟိုဌာတွင် ကျောင်းသား/သူများအား အခြေခံကဗျာရေးစပ်နည်းသင်တန်း(အခမဲ့)ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၉)နာရီက ကျင်းပကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာရေးဆရာ ကိုရင်ထွန်းလွင်(သမန်းကန်)က ကဗျာရေးစပ်နည်းနှင့် ပတ်သက်ပြီး အကျယ်တဝင့်ရှင်းလင်းပြောကြာသည် ။
လွတ်လပ်ကာရန်ကဗျာနှင့် ကာရန်မဲ့ကဗျာတို့သည် တစ်မျိုးတည်းဖြစ်ပါကြောင်း၊ ကဗျာရေးစပ်ခြင်းသည် ကာရန်ချိတ်ဆက်ရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်နှင့် မိမိရေးသားသည့် အကြောင်းအရာကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း၊ ကဗျာတွင် ခေါင်စဉ်ပါရှိရမည်ဖြစ်ပြီး စကားလုံးကန့်သတ်ထားရှိခြင်းမရှိကြောင်း စာရေးဆရာ ကိုရင်ထွန်းလွင်(သမန်းကန်) ထံမှ သိရသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ (၁၅) ရက်မှ (၁၆) ရက်နေ့အထိ နှစ်ရက်ကြာမြင့်မညဖြစ်ကြောင်းနှင့် သင်တန်းကို နေ့စဉ်နံနက် (၁၀)နာရီမှ မွန်းတည့်(၁၂)နာရီအချိန်ထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို အ.ထ.က တံတားဦးမှ ကျောင်းသား/သူ(၁၅)ဦး တက်ရောက်ကြကြောင်း သိရသည် ။
ရဲတင့်(ပြန်/ဆက်)