သံဖြူဇရပ် သြဂုတ် ၁၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးအောင်၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစံသောင်းနှင့် အသင်းသားအသင်းသူများ တက်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် မြို့နယ်အမြင်သစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးအုန်းမြင့်ကဆောင်ရွက်ပြီး၊ မြိုနယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစံသောင်းက မြို့နယ်သမဝါယမအသင်းစု၏ တိုးတက်အောင်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ဘဏ္ဍာရေးရှင်းတမ်းအားအတွင်းရေးမှူး ဦးဟိန်းလင်းအောင်က ရှင်းလင်းဖတ်ကြားပြီး၊ သဘာပတိကတက်ရောက်လာသော အသင်းသား၊ အသင်းသူများထံမှ အတည်ပြုချက်ရယူသည်။
ထို့နောက် သဘာပတိမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)