မိုင်းရှူး သြဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လုပ်ငန်းဆောင်ရွက်မှုကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ကျန်းမာရေးဌာနမှ သွားဆရာဝန် ဒေါက်တာဖြိုးဟိန်းသူနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအား သန်ချဆေးနှင့် သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)