စမ်းချောင်းမြို့နယ်တွင် ၀မ်းပျက်၀မ်း‌‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းဆောင်ရွက်

စမ်းချောင်း ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်အတွင်း ပြင်းထန်ဝမ်းပျက်၀မ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးခပ်ခြင်း၊ water tab များပေးဝေခြင်း လက်ကမ်းစာ‌ဆောင်များ ဖြန့်ဝေပေးခြင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဖြူသွယ်ထွန်း (ပြန်/ဆက်)