စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

စမ်းချောင်း ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများသည် အမှတ် (၁၆) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်၍ ပြင်းထန်၀မ်းပျက် ၀မ်းလျောရောဂါအကြောင်း၊ သွားနှင့်ခံတွင်းကျန်းမာ‌ရေး အကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြပြီး ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်စွက်ခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း(ပြန်/ဆက်)