ကျိုင်းတုံ ဩဂုတ် ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လူငယ်၊ လူရွယ်များ၊ လူကြီးမိဘများ အားလုံးပါဝင်ကာ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုများရရှိစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများသိရှိ၍ စာဖတ်ခြင်းတွင် ပျော်မွေ့စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါ လူငယ်နှင့်ပညာဆိုင်ရာအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)