မြစ်သား သြဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ဗန္ဓုလဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် အခမ်းအနားများတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်တက်စေရေး၊ အခမ်းအနားများပြုလုပ်ရာတွင် အရည် အချင်းပြည့်ဝသော အခမ်းအနားမှူးများပေါ်ထွန်းလာစေရေး၊ လေ့ကျင့်ပြုစုပျိုးထောင်ထားသော သင်တန်းဆင်းအခမ်းအနားမှူးများမှတစ်ဆင့် ကျန်ရှိသော ဆရာ၊ ဆရာမများက အတုယူတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ် ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားမှူးသင်တန်းနည်းပြ ဆရာမဖြစ်သော ဒေါ်အိမွန်ပိုင်နှင့် ဒေါ်သီတာအောင် တို့က စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ မြစ်သားမြို့နယ်အခြေခံပညာဦးစီးဌာနမှ သင်တန်းသား(၃၀)ဦးတတ်ရောက်ပြီး သြဂုတ်လ(၁၄)ရက်နေ့မှ သြဂုတ်လ (၁၆)ရက်နေ့အထိ သင်တန်းကာလ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားမှူးသင်တန်းဖွင့်ပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးခိုင်စိုးသန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)