လဲချားမြို့နယ် Community Centre တွင် စာ‌ရေးစွမ်းရည်‌ပြိုင်ပွဲ ကျင်းပ

လဲချား သြဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပခဲ့​ပါသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ချိုထွေးမှ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၂၄)ဦးမှ စာရေးသားနိုင်မှု မှတ်သားနိုင်မှုစွမ်းရည်နှင့် စဥ်းစားတွေးခေါ်နိုင်မှုစသည်တို့ကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများနှင့်လက်ဆောင်ပစ္စည်းများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)