တန့်ယန်း ဩဂုတ် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည်။
အဆိုပါအသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးထက်လင်းဟန်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများအကြောင်းကို အသိပညာပေးရှင်းလင်းခဲ့သည်။
အသိပညာပေးရှင်းလင်းပွဲသို့ မြို့နယ်အတွင်းရှိ အမှတ် (၁)၊ အမှတ် (၂)၊ မန်ကတ်၊ မိုင်းပတ်၊ မိုင်းကောင် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ Grade-12 Grade-11 တို့မှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)