ငါ့သရောက် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေပွဲကို ဩဂုတ် ၁၃ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပက်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်မိရပ်ဖဦးကျော်စွာက ကျောင်းသား/ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်ခြင်းမခံရစေရန် အသိပညာဗဟုသုတများရရှိစေသည့် စာအုပ်စာစောင်များ ဖတ်ရှု့စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာငှားစာဖတ်လာသည့် စာဖတ်ပရိတ်သတ် ကျောင်းသား/ကျောင်းသူလေးများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် ဖော်ပြပါရှိသည့် အကြောင်းအရာများအား စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ငါ့သရောက်(ပြန်/ဆက်)