ကျိုက်မရော သြဂုတ် ၁၅
ကျိုက်မရောမြို့နယ်တွင် ကျောင်းကျန်းမာရေးအာဟာရဖွံဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် မေးခွန်း ၅၀ ဖြေဆိုခြင်းကို ယမန်နေ့ နေ့လယ်က အ.လ.က အထရံကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှာ ကျန်းမာရေးဆရာမ ဒေါ်နန်းလှဝင်းရီက အာဟာရဖွံဖြိုးရေးနှင့် ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အာဟာရနှင့် ပတ်သက်သောမေးခွန်း(၅၀)အား ဖြေဆိုစေပြီး အကောင်းဆုံးဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)