ငါ့သရောက် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာပေကိုမြတ်နိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ဩဂုတ် ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ(Book Club) အဖွဲ့ဝင် ဦးစိုးမောင်က စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း” စာအုပ်ခေါင်းစဉ်များထဲမှ “လူငယ်နှင့်စူးစမ်းစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးရာ စာဖတ်ဝိုင်း တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများနှင့်စာပေဝါသနာရှင်များက ဗဟုသုတရစေမည့် စာအုပ်ပါအကြာင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ(လူငယ်)များနှင့် စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှု့လေ့လာခြင်း စသည့် အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ (Book Club) အဖွဲ့ဝင်များဖြင့် လစဉ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ငါ့သရောက်(ပြန်/ဆက်)