ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ  ဩဂုတ်  ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ချောင်းဆုံအရှေ့ရပ်ကွက်ရှိ ဘုရားကြီးကုန်း(အမက)တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများသိလိုသည်များကို  ပြန်လည်ဖြေကြားပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ ကလေးစစ်သားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)