ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးအောင်မြင်နေသည့်‌ လယ်မြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပေါင် ဩဂုတ် ၁၄

ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ပျိုးအောင်မြင်နေသည့်‌ လယ်မြေများအား ယနေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က ဖြူဘကျေးရွာရှိ တောင်သူ ဦးရာဂျား၏ မိုးစပါးပေါ်ဆန်းရင်မျိုးစေ့ထုတ်စိုက်ခင်းနှင့် မှော်ဘီ (၃) စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးဖြစ်ထွန်းနေသည့်လယ်မြေများကို စနစ်တကျမြေဩဇာကျွေးပြီး လျာထားချက်အတိုင်း တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ ခရုနှင့် အခြားပိုးမွှားရန်မှကြိုတင်ကာကွယ်ရန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည့် စနစ်တကျစိုက်ပျိုးခြင်း နည်းလမ်းများကို လက်တွေ့အသုံးချပြီး လိုက်နာပါက တစ်ဧကအထွက်နှုန်း လျာထားချက် အတိုင်းကျော်လွန်သွားမည်ဖြစ်ပါကြောင်း တောင်သူများအား ပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)