ဗဟန်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်  ဩဂုတ်  ၁၄

ဗဟန်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။

ဦးစွာ ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဦးစီးမှူးက ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် လူမှုဝန်ထမ်းမှ ဆောင်ရွက်ပေးနေသည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူက အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ/နည်းဥပဒေ/ပြစ်မှု/ပြစ်ဒဏ်များကိုလည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူက အလုပ်ရှင်/အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ/နည်းဥပဒေ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း လူကုန်ကူးမှု တားဆီနှိမ်နင်းရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ ဥပဒေ/နည်းဥပဒေ၊ အလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ် သမားများနှင့် ပတ်သက်သည့် ဥပဒေ/နည်းဥပဒေ/ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ/နည်းဥပဒေလုပ်ထုံးလုပ်နည်းများ /ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကြရာ၊ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှူးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောခဲ့သည့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများကို ဂုဏ်ပြုလက်ဆောင်များအား တာဝန်ရှိသူများက ပေးအပ်ပြီး အခမ်းအနား တက်ရောက်လာကြသူများကို အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေင်မြင့်(ပြန်/ဆက်)