ကျောက်တံတား သြဂုတ် ၁၄
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က စာရေးဆရာမကြီး ရွှေကူမေနှင်းရေးသားသည့် ‘စာရေးချင်သူများသို့' စာအုပ်နှင့်ပတ်သက်၍ ရေးသူဖတ်သူဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဦးနန္ဒကျော်စွာကပြုလုပ်ခဲ့ပြီး စာရေးဆရာမကြီး ရွှေကူမေနှင်းက ‘စာရေးချင်သူများသို့' စာအုပ် ရေးသားခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသောစာပေချစ်သူများနှင့် စာရေးသားလိုသူများမှ စာအုပ်နှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆရာမကြီးကတစ်ဦးချင်းစီ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီးနောက် စာရေးဆရာကြီး ဦးကျော်ဇင်ဝင်းက မုဒိတာစကားပြောကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)