မိုင်းတုံမြို့နယ် အ.ထ.က မိုင်းတုံ၌ လူငယ်စကားဝိုင်း ကျင်းပ

မိုင်းတုံ ဩဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသည့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၃၇)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ကြောင်း၊ ခေတ်တွေစနစ်တွေ ဘယ်လိုပင်ပြောင်းလဲနေပါစေ လူငယ်မျိုးဆက်သစ်များအနေဖြင့်  အတွေအခေါ်၊ အတွေ့အကြုံ၊ အရည်အချင်း၊ အရည်အသွေး၊ ကိုယ်စွမ်းကိုယ်စရှိ‌နေပြီး ထူးချွန်ထက်မြတ်နေရန်လိုကြောင်းနှင့် လူငယ်များသည် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအချက်ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို "လူငယ်နှင့် Social media" ခေါင်းစဉ်ဖြင့် ကျင်းပရာ Grade-11 ကျောင်းသူ မဆောင်းသဇင်က "လူငယ်နှင့် Social media"ခေါင်းစဉ်မှ Social media မိတ်ဆက်ကိုလည်းကောင်း၊ Grade-11 ကျောင်းသား မောင်အောင်သိန်းမင်းက လူငယ်နှင့် Social media အသုံးချပုံကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မမာထားက Social  media ၏အားသာချက်ကိုလည်းကောင်း၊ Grade-11 ကျောင်းသူ မဆောင်းနဒီဦးက လူငယ်နှင့် Social media ၏ အားနည်းချက်ကိုလည်းကောင်း၊ Grade-11 ကျောင်းသား မောင်ကောင်းခန့်မော်က လူငယ်နှင့် Social media နှင့်ပတ်သက်၍ ကျန်ရှိနေသေးသည့် သိသင့်သိထိုက်သောအချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများထဲမှ မောင်ဇင်ပိုင်စိုး၊ မနန်းမွေငင်း၊ မနာခါချီ့၊ မနှင်းစပယ်မိုး၊ မောင်စိုင်ကွမ်းထွေး၊ မောင်ဇော်မင်းထွဋ်၊ မောင်ဇွန်ဖစိန်၊ မနှင်းပန်းဝတ်ရည်၊ မောင်စိုင်းခမ်းနွမ်း၊ မောင်စိုင်းရာဇာတို့က သိရှိလိုသည်များမေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြား‌ပေးခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)