သာကေတ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်စင်က အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက စာပေနှင့်ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းရတနာဦးက ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးခေါင်းစဥ်ဖြင့်လည်းကောင်းဟောပြောခဲ့ပြီး ကလေးအလုပ်သမားဆိုင်ရာ ပိုစတာများပေးအပ်ခဲ့ရာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးသန့်စင်ကလက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)