တာချီလိတ် သြဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် မယ်ဆိုင် ချောင်းရေမြင့်တက်လာခြင်းကြောင့် သြဂုတ်လ ၁၃ ရက်နေ့မှစ၍ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေနံနက်ပိုင်းမှစ၍ မယ်ဆိုင်ချောင်းရေမြင့်တက်လာပြီး တာချီလိတ်မြို့တွင်းရှိ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင် စသည့်ရပ်ကွက်များအတွင်းသို့ မယ်ဆိုင်ချောင်းရေများ ဝင်ရောက်နေကြောင်းနှင့် ရေဘေးသင့်ရပ်ကွက်နေပြည်သူများထံသို့ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ လူငယ်များ၊ အလှူရှင်များမှ ထမင်းဘူးများ၊ ရေသန့်နှင့်မုန့်များ သွားရောက် ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း သိရသည်။
အေးအေးလတ်