နမ့်စန်(တ) ဩဂုတ် ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) တွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(နမ့်စန်)မှကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အထက(နမ့်စန်)မှ ကျောင်းသားကျောင်းသူ (၅)ဦးက ‘ကာယဗလ’၊ ‘ညဏဗလ’၊ ‘စာရိတ္တဗလ’ ၊ ‘မိတ္တဗလ’ နှင့်‘ဘောဂဗလ’ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် ၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် အ-ထ-က (နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် ၊ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို ၊ အထက(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၃၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်စန်(ပြန်/ဆက်)