ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအခြေ ခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေး၊ အသိပညာ ဗဟုသုတ ပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရေး ယနေ့ နံနက်(၁၀)နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံရွာကျေးရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ရာမကြီး ဒေါ်ခင်ဝင်းဆွေက ပညာသင်ချိန်တွင် စာပေကို အပတ်တကုတ် ကြိုးစားသင်ယူပြီး အားလပ်သည့် အချိန်များတွင် ပြင်ပဗဟုသတ ရရှိစေမည့် စာပေများကိုလည်း ရှာဖွေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်များ မြင့်မားစေမည်ဖြစ်ကြောင်း၊ ပြင်ပစာပေများ ဖတ်ရှုခြင်းသည် ကျောင်းစာပေများ သင်ယူရာတွင် များစွာအထောက်အကူဖြစ်စေကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ Grade-10 ကျောင်းသား/ကျောင်းသူများဖြစ်သည့် မောင်သျှင်နေသွေးက လူငယ်နှင့်အားကစား၊ မသွန်းသစ်နဒီက လူငယ်နှင့်ပညာရေး ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား/ ကျောင်းသူများဖြစ်သည့် မမွန်မွန်ရွှေက လူငယ်နှင့်စာရိတ္တ၊ မစုမြတ်ရတီစိုးက လူငယ်နှင့် ကျန်းမာရေး၊ မောင်ဇေယျာဝင်းထက်က လူငယ်နှင့်ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ပြီး လူငယ်စကား ဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့သည်။
သက်မောင်(ကျောက်ဆည်)