ညောင်ဦးမြို့နယ်အတွင်းရှိ ဆေးဆိုင်များ တရားမဝင် ဆေးဝါးရောင်းချခြင်း စစ်ဆေးခြင်းနှင့် ပုဂံလက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ စားသောက်ကုန်များအား ဈေးကွက်နမူနာ ကောက်ယူခြင်းများ ဆောင်ရွက်

ညောင်ဦး ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးပစ္စည်းများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ပုဂံလက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ စားသောက်ကုန်များ ဈေးကွက်နမူနာ ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ခရိုင်/ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့နယ် ရပ်ကွက်များအတွင်းရောင်းချနေသော ဆေးဆိုင်များအား တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပုဂံ လက်ဆောင်ပစ္စည်းအရောင်းဆိုင်များမှ စားသောက်ကုန်များအား ဈေးကွက်နမူနာ ကောက်ယူခြင်းတို့အား စစ်ဆေးကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း