တံတား ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပုတ္တလုတ်ကျေးရွာ၊ မင်္ဂလာရာမဘုန်းကြီးကျောင်းဝန်းတွင် ကျေးရွာသူ/ ကျေးရွာသားများအား တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဦးအောင်ဟိန်းသူက ကျေးရွာသူ/ ကျေးရွာသားများအား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ကျန်မာရေးအသိပညာပေးဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက်
အထွေထွေရောဂါဖြစ်ပွားကြသောလူနာများအား ကြပ်ထုပ်ထိုးခြင်း၊ ဆေးစည်းခြင်း၊ ဆေးကပ်ခြင်းနှင့် သောက်ဆေးများပေးခြင်းကို မွန်မြတ်သောစေသနာဖြင့် ကုသဆောင်ရွက်ပေးခဲ့ရာ ပုတ္တလုတ်ကျေးရွာအတွင်းရှိ အမျိုးသားလူနာ(၁၆)ဦး၊ အမျိုးသမီးလူနာ (၂၇) ဦး၊ စုစုပေါင်း (၄၃) ဦးတို့မှာ ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)