သထုံ ဩဂုတ် ၁၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ဘဝတွက်တာသိမှတ်စရာ ကျန်းမာရေးအသိပညာပေးမေးခွန်းများ မေးမြန်းခြင်း၊ ၂၀၂၄ ခုနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု၏ ဆောင်ပုဒ်ဖြစ်သည့် "ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေး အလေးပေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊
“ကျန်းမာရေးနှင့်ညီညွတ်ဖို့ ဂိမ်းကစားတာလျှော့ကြစို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေး ပန်းချီဆွဲ၊ ဆေးရောင်စုံခြယ်ခြင်းစသည့် အစီအစဉ်တို့ကို ပြုလုပ်ပေးရာ ကျောင်းသားကျောင်းသူတို့က တပျော်တပါး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်