ရန်ကင်း သြဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ “ဆေးလိပ် ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပညာရေးမှူးဒေါ်ဝင်းရည်မွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကိုစတင်ကျင်းပခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိဒေါ်လှလှထွေးနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
လှလှထွေး