ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ညောင်ဦး ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအသက်(၁၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ ညောင်ဦးအသင်းက တောင်ဘီအသင်းကို (၄)ဂိုး-(၀)ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ဆေးမှူးနှစ်ဦးအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ  အမှတ်တရပစ္စည်းလက်ဆောင် ပေးအပ်သည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရးအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ ဦးစိုးမြင့်က ဂိုးသမားအကောင်းဆုံး ဆုအားပေးအပ် ချီးမြှုင့်ခြင်း၊ ပြိုင်ပွဲတစ်လျှောက် နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း အကောင်းဆုံး ကစားသမားဆု ရရှိသူများအား ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့သူတို့အား ဆုတံဆိပ်နှင့် ငွေသားဆု ချီးမြှင့်ခဲ့သည်။ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌလား အမျိုးသားအသက် (၁၅) နှစ်အောက် ဘောလုံးပွဲတွင် ဒုတိယရရှိခဲ့သည့် တောင်ဘီဘောလုံးအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာထွန်းက ကလပ်ဘုတ်ပြားနှင့် ငွေတံဆိပ်ဆုချီးမြှင့်ပေးအပ်ပြီး၊ ပထမဆုရရှိသည့် ညောင်ဦးအသင်းအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှ ကလပ်ဘုတ်ပြား၊ ပထမဆုဖလားနှင့် ငွေသားတို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း