သာကေတ သြဂုတ် ၁၃
သာကေတမြို့နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တိုက်ကွမ်ဒိုကကွက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ် ၁၁ ရက် မွန်းလွဲ ၃ နာရီက သာကေတမြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာကေတမြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် တိုက်ကွမ်ဒိုကကွက်ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။
ထို့နောက် သာကေတမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်တိုက်ကွမ်ဒိုဆပ်ကော်မတီဒုဥက္ကဋ္ဌ ဦးထိန်မင်းအောင်၊ မြို့နယ်အားကစားမှူးဒေါ်ခင်ကောင်းစံ၊ မြို့နယ်တိုက်ကွမ်ဒိုဆပ်ကော်မတီ နည်းပြချုပ်ဦးစိုးထွဋ်ဦးတို့က တိုက်ကွမ်ဒိုကကွက်ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)