သံဖြူဇရပ် သြဂုတ် ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.မ.က (အောင်မင်္ဂလာ-၁)၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝအောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရေး၊ ကျောင်းစာကြည့်တိုက်များကိုအသုံးပြုပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးတို့ကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲပြသခြင်းနှင့် ဗဟုသုတရှိစေမည့်စာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)