တပ်ကုန်း ဩဂုတ် ၁၃
နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် ပြည်ထာင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးက ရပ်ရွာလုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ သတင်းပေးမြန်ဆန်ရေး၊ မဟုတ်မမှန် သတင်းအတုများမယုံကြည်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဆိုင်ရာများ ရှင်းလင်းမှာကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ရပ်ရွာအေးချမ်းတည်ငြိမ်ရေးကောင်းမွန်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စံသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်