ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဇမ္ဗူသီရိ ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာ အောင်ဆွေထက်(ချွေးမြို့တော်)၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ မောင်အောင်ဝေ(ညောင်ခြေထောက်)၊ စာရေးဆရာ ရွှေပြည်စိုး(မိုးကုတ်)၊ စာရေးဆရာ အညာသားဗတူး(ကျားတက်မြေ)၊ စာရေးဆရာ စိန်လင်းထက်(နေပြည်တော်)၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်များအား ဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး  သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)