မိုင်းစံ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက “လူငယ်နှင့်ပညာ” အကြောင်းကို ဦးစွာရှင်းလင်းဆွေးနွေးရာတွင် ပညာ၏အရေးပါပုံ၊ ပညာကိုကောင်းစွာအသုံးချပါက ပညာရဲရင့်ပွဲလယ်တင့်ခြင်း အကြောင်းအရာများ၊ ပညာ၊ ရှေးခေတ်ပညာရှိများအကြောင်း၊ နိုင်ငံတာကာရှိ လူငယ်များအနေဖြင့် ပညာရှာဖွေသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဟောပြောဆွေးနွေးခဲ့သည်။ ထို့ပြင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်စေရန်အတွက် ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်ပျိုးထောင်ပေးသင့်ကြောင်းကိုလည်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)