ကျိုင်းတုံ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ပညာရေးဒီဂရီကောလိပ်သင်တန်းသူများက တိုက်ကွမ်ဒို၊ ကရာတေး၊ အေရိုးဗစ် သရုပ်ပြအစီအစဉ်များဖြင့် တင်ဆက်ကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် မိုင်းဖြတ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို ဩဂုတ် ၁၂ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)