မိုင်းရှူး သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)