ညောင်ဦးမြို့နယ် သမဝါယမအသင်းစု နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ညောင်ဦး ဩဂုတ် ၁၂

မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ် သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် ညောင်ဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းအား အသင်းစာရင်းစစ်မှ အစီရင်ခံစာများ၊ ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရာ တက်ရောက်လာသည့် အသင်းဝင်းကိုယ်စားလှယ်များထံမှ သဘာပတိမှ အတည်ပြုချက်ရယူခဲ့ပြီး အသင်းဝင်(၂၅၀)သင်းအား အစုပေါ်ပေးငွေ ကျပ်(၂၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း