တပ်ကုန်းမြို့နယ်၌ မိုးစပါးများကို   ၄၈၄၇၂ ဧက လျာထားစိုက်ပျိုး

တပ်ကုန်း ဩဂုတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးများကို ဆည်ရေသောက်စနစ်၊ မိုးကောင်းသောက်စနစ်များဖြင့်  ၄၈၄၇၂ ဧက လျာထားစိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် ယခင်နှစ် မိုးရာသီ မိုးစပါး ၄၈၄၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ တစ်ဧက ပျမ်းမျှ အထွက် ၈၇ ဒသမ ၀၉ ထွက်ရှိကြောင်း၊ ယခုနှစ် မိုးစပါး ၄၈၄၇၂ ဧကလျာထားစိုက်ပျိုးပြီး၊ တောင်သူတွေ ဇူလိုင်လဆန်းတွင် စတင်စိုက်ပျိုးကြရာ ဩဂုတ်လထိ အခြောက်မျိုးစေ့စက်စိုက် ၁၀၀ ဧက၊ Seeder စိုက် ၉၃၄၁ ဧက၊ ပျိုးထောင်စိုက် ၃၄၇၆ ဧက၊ ကျဲပက်စိုက် ၅၁၄၀ဧက၊ ကောက်စိုက်စက်စိုက် ၄၁ ဧက၊ စုစုပေါင်း ၁၈၀၉၈ ဧကစိုက်ပျိုးပြီးစီးကြောင်း သိရပြီး၊ စပါးစိုက် ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီအလိုက် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိကြကြောင်း သိရသည်။

တင်စိုးလွင်