ကျောက်ဆည်ခရိုင်၌ ချည်မျှင်ရှည်ဝါ(၁၃၃၉၇)ဧကစိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များ ပါဝင်ပြီး (၂၀၂၄-၂၀၂၅)ခုနှစ်တွင် ချည်မျှင်ရှည်ဝါ (၁၃၃၃၉၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ချည်မျှင်ရှည်ဝါ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါများ စိုက်ပျိုးရာတွင် ကျောက်ဆည်မြို့နယ်အနေဖြင့် (၅၁၈၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၆၉၁)ဧက၊ မြစ်သားမြို့နယ်တွင် (၆၅၂၄)ဧက စုစုပေါင်း(၁၃၃၉၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းမှု အနေဖြင့် စဉ့်ကိုင်မြို့နယ်တွင် (၁၉၀)ဧက  စတင်ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကအထွက်နှုန်း (၅၀၁.၂၅) ပိဿာ၊ စုစုပေါင်း အထွက်နှုန်း(၉၅၂၃၇) ပိဿာ၊ မြစ်သားမြို့နယ်တွင် (၃၃၀)ဧက စတင်ရိတ်သိမ်း လျက်ရှိပြီး တစ်ဧကအထွက်နှုန်း (၄၉၉.၄၅)ပိဿာ၊ စုစုပေါင်း အထွက်နှုန်း(၁၆၄၈၁၈)ပိဿာ ထွက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ရိတ်သိမ်းချိန်မရောက်သေးသည့်အတွက် မရိတ်သိမ်းနိုင်သေးကြောင်း သိရသည်။

ဝါစိုက်ပျိုးသူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဝါသီးနှံများ အောင်မြင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဝါသီးနှံသုတေသနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)တို့မှ ဒေသနှင့် ကိုက်ညီသော ဝါမျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်ပညာများ၊ ရိတ်သိမ်းသိုလ်လှောင်ခြင်း များအား စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)