မိုင်းရှူးမြို့နယ်အတွင်းရှိ မူကြိုကျောင်းများ၌ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

မိုင်းရှူး သြဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ မူကြိုကျောင်းများတွင် ယနေ့နံနက်(၁၀)နာရီက ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးနှင့် သံဓါတ်အားဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အာဟာရမှုန့်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)