တာလေ ဩဂုတ် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို နားယောင်းကျေးရွာအုပ်စု၊ ဗေတလကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ ဦးထွန်းထွန်းမှ သင်တန်းသူများအား ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျောင်နိုင်ဦးမှ သင်ထောက်ကူပစ္စည်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)