လဲချား သြဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ဥပဒေ(အခြေခံ) ရက်တိုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး သင်တန်းတွင်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)