ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀) အထက၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၁၁

အခမ်းအနားတစ်ခုအား အောင်မြင်စွာပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာ၀န်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အ.ထ.က ရှိ အောင်ဆန်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ်၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးရေခဲက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းအားစတင်ပို့ချခဲ့သည်။

 အဆိုပါသင်တန်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၂ရက် နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း (၃၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့