ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရန်ကုန်(ထန်းတပင်) ဩဂုတ် ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ကလည်း ထိန်ကုန်းကျေးရွာအုပ်စု၊ အေးမြို့ကျေးရွာရှိ ခေတ်ကောင်းကြွယ် ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးခင်ဆွေနှင့်ဝန်ထမ်းများက  ခေတ်ကောင်းကြွယ် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့်အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစတင်၍ စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)