မိုင်းယောင်း ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်မင်းဆွေနှင့်အတူ မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့သည် ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်လွတ်ကျေးရွာတွင် ဆည်တည်ဆောက်နိုင်ရေး၊ ဝမ်ဘန်းကျေးရွာတွင် ကျေးရွာချင်းဆက်လမ်းနှင့် ရေစုကန်တည်ဆောက်နိုင်ရေး၊ ဝမ်လဲကျေးရွာတွင် ကျေးရွာချင်းဆက်တံတား တည်ဆောက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လျာထားနေရာများအား ကွင်းဆင်းကြည့်ရှုပြီး အဆိုပါကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့သည် ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်တုံ့ကျေးရွာတွင် ကျေးရွာအဝင်လမ်း တည်ဆောက်နိုင်ရေးနှင့် ဝမ်ရှဲန်းကျေးရွာတွင် ကျေးရွာတံတားတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)