ပင်လောင်း ဩဂုတ် ၁၀
လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လူငယ်ဆိုင်ရာအသိပညာပေးကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ပင်မွန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်၏ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်နှင့် စာဖတ်ခြင်း၊လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ကူညီထောက်ပံ့မှုနှင့်ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေးက လူငယ်နှင့် အားကစားဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်ပြပွဲခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အ-လ-က(ပင်မွန်း) ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်။