တာလေ ဩဂုတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဆိတ်၊ နွား ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် (၁၁) နာရီက နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာနှင့် ဟွေဝုန်းကျေးရွာတို့တွင် ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်မြို့နယ်ဦးစီမှူး ဒေါက်တာ ကျော်ကျော်စိုးမှ ဒေသဆိတ်၊ နွားများ ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ မွေးမြူးထိန်းသိမ်းရမည့် နည်းစနစ်များနှင့် ဒေသဆိတ်၊ နွားများ မွေးမြူခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများနှင့် မွေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးခြင်း ရည်ရွယ်ချက်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များမှ စုစုပေါင်း ကျပ်(၂၂၂၅၀၀၀၀) သိန်း တန်းဖိုးရှိသည့် ဒေသဆိတ် (၅၅)ကောင်နှင့် နွား (၁၀)ကောင်တို့အား ကျေးရွာကြီးကြပ်မှု ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ပြီး ဒေသဆိတ်မွေးမြူသူ တောင်သူ(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)