ညောင်ဦး ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ကျောင်းကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်းနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း(၂)တွင် ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာ လှမျိုးနိုင်နှင့် ဝန်ထမ်းသည် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အာဟာရဖွံ့ဖြိုးရေးအတွက် ပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် အာဟာရဖြည့် ပေါင်မုန့်စိုများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း