ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကျိုင်းတုံ ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာပေါင်းစုံ ၂၀၂၄ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသော သံဃာတော်များ ကြွရောက်‌တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အလှူရှင်များ တက်‌ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူဆောက်တည်‌တော်မူကြပြီး သံဃာ‌တော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာ‌တော် မဟာဓမ္မစရိယ ဘဒ္ဒန္တဝိဇယထံမှ သာဓုအနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)