အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

အမ်း ဩဂုတ် ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို  ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိနိုင်ရန် Online မှတဆင့် အသိပညာပေးအစီအစဥ်များ ရိုက်ကူးထုတ်လွင့်ပေးလျက်ရှိကြောင်းနှင့် သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဦး‌လှောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်နှင့် လူကုန်ကူးမှုကို အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည် /ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်၊ အခြားပြည်ပနိုင်ငံများမှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ်၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှဦးဆောင်၍ လုပ်ငန်းအဖွဲ့ (၃)ဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် (၅)နှစ်စီမံကိန်းများနှင့် နှစ်စဉ်လုပ်ငန်းစီမံချက်များကို လုပ်ငန်းနယ်ပယ်များအလိုက် အကောင်အထည်‌ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် Focal ဌာနအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနအစား ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လွှဲပြောင်းတာဝန်ယူခဲ့ကြောင်း၊ သို့ပေမယ့်လည်း ပြန်လည်ထူထောင်ရေးဦးစီးဌာန ရုံးစိုက်နေရာမရှိသောဒေသများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းများဖြင့် ဆောင်ရွက်ပေးပါ‌ကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား စနစ်တကျထိရောက်စွာ ဆောင်ရွက်နိုင်ရန် တယ်လီဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ သတင်းအချက်အလက်များကို မျှဝေခြင်း၊ ဝန်ဆောင်မှုပေးနေသောဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေး ထောက်ပံ့မှုပေးခြင်းများ ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်းနှင့် လူကုန်ကူးတားဆီးကာကွယ်ရေးနှင့်ပတ်သက်ပြီး အခြေခံမူများအား ပြည်သူများသိရှိစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)